ပထမဆုံးမိမိ ထည့်သွင်းလိုတဲ့ JDK ဖိုင်ကို Open JDK က တစ်ဆင့်ဖြစ်စေ၊ Adpot Open JDK က တစ်ဆင့်ဖြစ်စေရယူပြီး ထည့်သွင်းထားပါ။ Open JDK မှာတော့ JDK 9 အထက်ကို ရယူနိုင်မှာ ဖြစ်ပြီး Adopt Open JDK မှာတော့ JDK 8 ကိုပါ ရယူနိုင်ပါသေးတယ်။ ဒီပို့စ်မှာတော့ အဓိက JDK ကို Configuration ပြုလုပ်ပုံ အဆင့်ဆင့်ကိုသာ အသားပေး ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ပုံမှန်အတိုင်းဆိုရင် LaunchPad မှာ ပြတဲ့ Apps တွေက Unique ဖြစ်တာတွေကို ပြတာဖြစ်ပါတယ်။ ဒါကြောင့် ရံဖန်ရံခါ Developer တွေအနေနဲ့ Eclipse လို IDE မျိုးကို သီးသန့် Plugins တွေနဲ့ သီးသန့်ခွဲသုံးချင်ရင် Duplicate လုပ်ပြီး သီးသန့်သွင်းထားလေ့ရှိပါတယ်။ ဒါပေမဲ့ Duplicate လုပ်ထားတဲ့ Apps တွေက LaunchPad မှာ ဖော်ပြပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် LaunchPad မှာ သီးသန့် ခွဲထားတဲ့ Eclipse Version အားလုံးကို တွေ့ချင်ရင် အောက်ပါအတိုင်း ပြုလုပ်ရပါမယ်။ ပထမဆုံး Finder ကနေပြီး Application ထဲကို ဝင်ထားပါ။ မိမိပေါ်စေချင်တဲ့ Apps ကို Right-Click ထောက်ပြီး Show Package Content ထဲကို ဝင်ပါ။ ပြီးရင် Contents ထဲကို ထပ်ဝင်ပါ။ အဲ့ထဲက Info.plist ကို Text Editor တစ်ခုခုနဲ့ ဖွင့်ထားလိုက်ပါ။ အပေါ်ပုံကအတိုင်း CFBundleIdentifier နာမည်နဲ့ key ကိုရှာပါ။ သူ့အောက်က String တန်ဖိုးကို နာမည် မတူအောင်ပေးထားလိုက်ပါ။ အပေါ်ပုံမှာ ကျွန်တော်ကတော့ underscore ခံပြီး နာမည်ကွဲအောင်ပေးထားလိုက်ပါတယ်။ ပြီးသွားရင်တော့ Save ပြီး LaunchPad ကို Rebuild ပြန်လုပ်လိုက်ပါ။ LaunchPad Rebuild လုပ်နည်းကို ဒီပို့စ် မှာ ဖတ်ရှုနို...