Skip to main content

LaunchPad အား Terminal မှ တစ်ဆင့် Rebuild ပြုလုပ်ခြင်း

MacOS မှာ LaunchPad ကို Reset ချချင်ရင် (သို့) Rebuild ပြန်လုပ်ချင်ရင် အောက်ပါ နည်းလမ်းတွေကို သုံးပြီး အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။



Method-1 (Database ဖိုင်အားဖျက်ထုတ်ခြင်း)

Finder ကိုဖွင့်ပြီး Option Key ကို နှိပ်ထားပါ။ အပေါ်ဆုံး Menu bar ထဲကတစ်ဆင့် Library ကိုကလစ်ပါ။
(Option Key မဖိထားရင် Library ကပေါ်မှာ မဟုတ်ပါဘူး) အောက်က ပုံအတိုင်းပါ။


ပြီးသွားရင် Application Support ဖိုလ်ဒါထဲကိုဝင်ပါ။ Dock ထဲကို ထပ်ဝင်ပါ။


desktoppicture.db ဆိုတဲ့ ဖိုင်ကို move to trash လုပ်ပြီး ဖျက်ပစ်လိုက်ပါ။ ပြီးသွားရင်တော့ စက်ကို restart ချလိုက်ပါ။ LaunchPad ကို အစအဆုံးပြန်ပြီး rebuild လုပ်သွားပါလိမ့်မယ်။

Method-2 (Terminal မှတစ်ဆင့် reset ချခြင်း)


နောက်ထပ်ရွေးချယ်စရာ Option တစ်ခုကတော့ LaunchPad ကို reset ချဖို့ကို terminal မှ တစ်ဆင့်လည်း ပြုလုပ်နိုင်ပါတယ်။


Terminal ကိုဖွင့်ပြီးအောက်က command ကို ကူးထည့်ပေးပြီး Enter ခေါက်လိုက်ရုံပါပဲ။

defaults write com.apple.dock ResetLaunchPad -bool true; killall Dock

Terminal က ပြုလုပ်ရင် စက်ကို restart ပြုလုပ်စရာမလိုဘဲ တစ်ခါတည်း LaunchPad ကို ပြန်ပြီး rebuild ပြုလုပ်သွားပါလိမ့်မယ်။











Comments

Popular posts from this blog

LaunchPad တွင် Duplicate ပြုလုပ်ထားသော Apps များ ပြပေးနိုင်ရန် ပြုလုပ်ခြင်း

ပုံမှန်အတိုင်းဆိုရင် LaunchPad မှာ ပြတဲ့ Apps တွေက Unique ဖြစ်တာတွေကို ပြတာဖြစ်ပါတယ်။ ဒါကြောင့် ရံဖန်ရံခါ Developer တွေအနေနဲ့ Eclipse လို IDE မျိုးကို သီးသန့် Plugins တွေနဲ့ သီးသန့်ခွဲသုံးချင်ရင် Duplicate လုပ်ပြီး သီးသန့်သွင်းထားလေ့ရှိပါတယ်။ ဒါပေမဲ့ Duplicate လုပ်ထားတဲ့ Apps တွေက LaunchPad မှာ ဖော်ပြပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် LaunchPad မှာ သီးသန့် ခွဲထားတဲ့ Eclipse Version အားလုံးကို တွေ့ချင်ရင် အောက်ပါအတိုင်း ပြုလုပ်ရပါမယ်။ ပထမဆုံး Finder ကနေပြီး Application ထဲကို ဝင်ထားပါ။ မိမိပေါ်စေချင်တဲ့ Apps ကို Right-Click ထောက်ပြီး Show Package Content ထဲကို ဝင်ပါ။ ပြီးရင် Contents ထဲကို ထပ်ဝင်ပါ။ အဲ့ထဲက Info.plist ကို Text Editor တစ်ခုခုနဲ့ ဖွင့်ထားလိုက်ပါ။ အပေါ်ပုံကအတိုင်း CFBundleIdentifier နာမည်နဲ့ key ကိုရှာပါ။ သူ့အောက်က String တန်ဖိုးကို နာမည် မတူအောင်ပေးထားလိုက်ပါ။ အပေါ်ပုံမှာ ကျွန်တော်ကတော့ underscore ခံပြီး နာမည်ကွဲအောင်ပေးထားလိုက်ပါတယ်။ ပြီးသွားရင်တော့ Save ပြီး LaunchPad ကို Rebuild ပြန်လုပ်လိုက်ပါ။ LaunchPad Rebuild လုပ်နည်းကို ဒီပို့စ်  မှာ ဖတ်ရှုနို...

Java Development Kit (JDK) Installation and Configuration (Window, Mac)

ပထမဆုံးမိမိ ထည့်သွင်းလိုတဲ့ JDK ဖိုင်ကို Open JDK  က တစ်ဆင့်ဖြစ်စေ၊  Adpot Open JDK  က တစ်ဆင့်ဖြစ်စေရယူပြီး ထည့်သွင်းထားပါ။ Open JDK မှာတော့ JDK 9 အထက်ကို ရယူနိုင်မှာ ဖြစ်ပြီး Adopt Open JDK မှာတော့ JDK 8 ကိုပါ ရယူနိုင်ပါသေးတယ်။ ဒီပို့စ်မှာတော့ အဓိက JDK ကို Configuration ပြုလုပ်ပုံ အဆင့်ဆင့်ကိုသာ အသားပေး ဖော်ပြသွားမှာ ဖြစ်ပါတယ်။